TrueMoney Myanmarသည် မြန်မာတစ်နိုင်လုံးရှိ အေးဂျင့်ပေါင်း ၃၀,၀၀၀ကျော်နှင့် ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုကို B2C (စီးပွားရေးလုပ်ငန်းမှ ဖောက်သည်များသို့) အပြင် စီးပွားရေးလုပ်ငန်း မိတ်ဖက် များနှင့် ချိတ်ဆက်၍လည်း B2B (စီးပွားရေးလုပ်ငန်းမှ စီးပွားရေးလုပ်ငန်းသို့)နှင့် ပတ်သက်သော ငွေပေးချေခြင်း နည်းလမ်းများဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
မြန်မာတစ်နိုင်ငံလုံး လုံခြုံစိတ်ချ တိကျမြန်ဆန်စွာဖြင့် ငွေလွှဲ၊ငွေထုတ်၊ ဘေလ်ပေးဆောင်ခြင်း စသော ဝန်ဆောင်မှုများ။
စီးပွားရေးအမျိုးအစားအလိုက် ကိုက်ညီအောင် ဖန်တီးထားခြင်းနှင့် အရှိန်အဟုန်မြင့် လိုက်လျောညီထွေသော ၀န်ဆောင်မှု။
စီးပွားရေး မိတ်ဖက်များနှင့်
ချိတ်ဆက်နိုင်ပြီး၊ လုံခြုံမြန်ဆန်သည့်
ငွေလွှဲဝန်ဆောင်မှု။
TrueMoney Myanmar မှ ပြည်တွင်း၊ပြည်ပရှိ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်၍ Business to Business (“B2B”) မိတ်ဖက်လုပ်ငန်းများသို့ ငွေပေးချေခြင်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပါ သည်။
B2B မိတ်ဖက်လုပ်ငန်းများသို့ ငွေပေးချေခြင်း ဝန်ဆောင်မှုလုပ်ငန်းများအတွက် မြန်ဆန်တိကျ လုံခြုံသော ငွေပေးချေခြင်း ဝန်ဆောင်မှု
မြန်မာပြည်အနှံ့ ၃ သောင်းကျော်သော အေးဂျင့် ကွန်ယက်မှ တစ်ဆင့် ဝန်ဆောင်မှုများ
ငွေပေးချေမှုနဲ့ ဆက်စပ်သောအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိနိုင်မည့် အစီရင်ခံစာများ
တိကျသေချာသော လုံခြုံရေး စနစ်များဖြင့် ငွေစာရင်းမှတ်တမ်းများ
မိတ်ဖက်လုပ်ငန်း ဘဏ်အကောင့်မှတစ်ဆင့် သက်ဆိုင်ရာဘဏ်များသို့ ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုများ
ငွေကြေးကိုင်ဆောင်မှုနှင့် ဆက်စပ်ပြီး အခက်အခဲများကို လျော့ချပေးနိုင်ခြင်း
အချိန်နဲ့တစ်ပြေးညီ အချက်အလက်များကို သိနိုင်ခြင်း
လုံခြုံစိတ်ချ မြန်ဆန်သော ဝန်ဆောင်မှုပေးနိုင်ခြင်း
B2B မိတ်ဘက် လုပ်ငန်းများအတွက် ပိုမိုထိရောက်သော ငွေကြေးစီမံ ခန့်ခွဲမှု
ဝန်ထမ်းလစာ ပေးချေမှုများနှင့် အခြားငွေပေးချေမှုဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ခြင်း။
လစာပေးချေမှုများနှင့် အခြားငွေပေးချေမှုလုပ်ငန်းဆိုင်ရာအားလုံးကို ဘေးကင်းလုံခြုံ ပြီး အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ခြင်း။
ဝန်ထမ်းလစာပေးချေမှု အချိန်ဇယားများနှင့် အခြားငွေပေးချေမှုအစီအစဉ်များကို သတ်မှတ်အချိန်အတိုင်း မှန်ကန်စွာလုပ်ဆောင်နိုင်ရန် စီမံခန့်ခွဲခြင်း။
ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းဆိုင်ရာ အခက်အခဲများကို လျှော့ချပေးပြီး၊ လစာတွက်ချက်မှု အမှားများကို လျှော့ချနိုင်ခြင်း။
ဝန်ထမ်းလစာဆိုင်ရာလုပ်ငန်းစဉ်များတွင် ပိုမိုမြင်သာပွင့်လင်းမှုရှိလာခြင်းကြောင့် လုပ်ငန်းအတွင်း ယုံကြည်မှုတိုးလာခြင်း။
သတ်မှတ်အချိန်အတိုင်း ငွေပေးချေမှုများပြုလုပ်ခြင်းနှင့် စနစ်တကျ ငွေပေးချေမှုစီမံမှုများကြောင့် ဝန်ထမ်းများ၏ စိတ်ချရမှုနှင့် ကျေနပ်မှုကို တိုးတက်စေနိုင်ခြင်း။
B2B မိတ်ဖက်များအတွက် ၄င်းတို့ဖောက်သည်များအား ငွေပေးချေမှုကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင် သော ဘေလ်ပေးဝန်ဆောင်မှုများ။
B2B မိတ်ဖက်များအား ငွေတောင်းခံလွှာအတွက် ပေးချေမှုများကို လုံခြုံမြန်ဆန်စွာ အသုံးပြုခွင့်ရနိုင်ခြင်း။
လိုအပ်ချက်နဲ့အညီ Online/Offline ပူးပေါင်းမှုဖြင့် ထိရောက်မြန်ဆန်သော ဝန်ဆောင်မှုများပေးနိုင်ခြင်း။
အချိန်နဲ့တစ်ပြေးညီ ငွေပေးချေမှုအခြေအနေနှင့် ငွေလွှဲမှတ်တမ်းများကို ကြည့်ရှုနိုင်ရန်အတွက် ကူညီပံ့ပိုးမှု ပြုလုပ်နိုင်ခြင်း။
လွယ်လင့်တကူ ဖောက်သည်များအတွက် ဝန်ဆောင်မှုအမျိုးမျိုး တိုးချဲ့၍ပံ့ပိုးပေးနိုင် ခြင်း။
ငွေပေးချေမှုများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးနိုင်ခြင်းအားဖြင့် လုပ်ငန်း ဆောင် ရွက်ချိန် နောက်ကျမှုများ လျှော့ချနိုင်ခြင်း။
အွန်လိုင်း (ဒစ်ဂျစ်တယ်) နှင့် ရုံးခန်းမှတစ်ဆင့် ငွေပေးချေမှုများကို နည်းလမ်း နှစ်မျိုး စလုံးဖြင့် ထောက်ပံ့ပေးနိုင်ရန်။
ဘဏ်များနှင့် မဟာဗျူဟာမြောက်ပူးပေါင်း၍ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို ဝန်ဆောင်မှုပေးခြင်း
ဖောက်သည်များအနေဖြင့် မိတ်ဖက်ဘဏ်များနှင့် အေးဂျင့်ဆိုင်များမှ တစ်ဆင့် နိုင်ငံတကာမှ လွှဲပို့လာသော ငွေပမာဏများကို လွယ်ကူချောမွေ့စွာ လက်ခံ ထုတ်ယူနိုင် အောင် စီစဉ်ပေးခြင်း။
ဖောက်သည်များအတွက် ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုစသည့် ငွေကြေးလုပ်ငန်းစဉ် များကို ပိုမိုမျိုးစုံရွေးချယ်နိုင်သော အခွင့်အလမ်းပံ့ပိုးပေးနိုင်ခြင်း။
ဘဏ်နှင့် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုများကို ပေါင်းစည်းပေးခြင်းဖြင့် အေးဂျင့် ကွန်ယက်၏ စွမ်းဆောင်ရည်နှင့် တန်ဖိုးကို တိုးမြှင့်နိုင်ခြင်း။
စည်းကမ်းစနစ်ရှိသော ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ခြင်းအားဖြင့် ယုံကြည်စိတ်ချမှု ပိုမိုရရှိနိုင်ခြင်း။
မိုဘိုင်းနှင့် ဆက်သွယ်ရေး ဝန်ဆောင်မှု (telcom) ကုမ္ပဏီများ၏ ဝန်ဆောင်မှုများကို အေးဂျင့်ဆိုင်များမှတစ်ဆင့် ရယူနိုင်မှု
ဖုန်းဘေလ်နှင့် အင်တာနက် package ဝန်ဆောင်မှုများကို အေးဂျင့်ဆိုင်များမှ တစ်ဆင့် ဝန်ဆောင်မှုရယူနိုင်ခြင်း
အေးဂျင့်ကွန်ယက်များအတွက် ဝန်ဆောင်မှုအမျိုးမျိုး ပံ့ပိုးပေးနိုင်ခြင်း။
မိုဘိုင်း operators များမှတစ်ဆင့် ဖောက်သည်များ ပိုမိုများပြားလာနိုင်ခြင်း။
မိုဘိုင်း operators များနှင့် ရေရှည် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်လာနိုင်ခြင်း။
မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံတကာငွေလွှဲလုပ်ငန်းများကို ပိုမို ကျယ်ပြန့်စေနိုင်ခြင်း။
MTOs များနှင့် ပူးပေါင်းပြီး ငွေလွှဲပေးပို့သူများအတွက် ငွေလွှဲနေရာများကို ပိုမိုတိုးချဲ့ ပေးနိုင်ခြင်း။
ဘဏ်များနှင့် လက်လီဆိုင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငွေထုတ်ယူနိုင်သော နေရာများကို တိုးချဲ့ခြင်း။
နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ မြန်ဆန်စွာ အသုံးပြုနိုင်ခြင်း။
လုပ်ငန်းဆောင်ရွက်နိုင်သော နေရာများ တိုးချဲ့ခြင်းကြောင့် ဖောက်သည်များ ပိုမို အဆင်ပြေလာနိုင်ခြင်း။
အကျိုးတူပူးပေါင်းမှုများကြောင့် ငွေလွှဲလုပ်ငန်းများအတွက် လွယ်ကူအဆင်ပြေ ချောမွေ့စွာ ပိုမိုပံ့ပိုးလာနိုင်ခြင်း။
ကမ္ဘာအနှံ့ ကုမ္ပဏီပေါင်း ၅၀၀ ကျော်နှင့် ပူးပေါင်း ချိတ်ဆက်လုပ်ကိုင်လျှက်ရှိပါသည်။
လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို ပိုမိုထိရောက်လွယ်ကူစွာဖြင့်ဝန်ဆောင်မှုပေးနိုင်ဖို့ အသင့်ရှိပါသည်။
Business Development
Business Development
Business Development
Business Development
ထရူးမန်းနီးမြန်မာ နှင့် လက်တွဲလုပ်ကိုင်ရန် စိတ်ဝင်စားပါက အောက်ပါ form မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
Email us or visit our office - the team is always ready to assist with your inquiries, discuss partnership opportunities, or help you find the right solutions for your business needs.